ဘူးသီးတောင်မြို့၌ တပ်မတော်ထောက်ခံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ တပ်မတော်ထောက်ခံပွဲ ကျင်းပ







MNP ၊ ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ်၊  မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ယနေ့နံနက် ( ၁၀)နာရီ အချိန်က ဦးဝင်းမြင့် ဦးဆောင်၍ အင်အား( ၃၀၀) ခန့်က ပန်းဇင်ချောင်းတံတားထိပ်မှစတင်လမ်းလျှောက်ကာ ကြွေးကြော်သံများဖြင့် တပ်မတော် ထောက်ခံပွဲ  ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ခံပွဲပြုလုပ်ရာတွင် အမျိုးဘာသာသာသနာကိုစောင့်ရှောက်သော တပ်မတော်အားထောက်ခံပါသည်၊ CRPH ၊ NUG ၊ PDF ကျရှုံးပါစေ၊ ပြည်ဖျက်မီဒီယာများ အလိုမရှိ၊ နိုငိငံတော် စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည် စသည့်ကြွေးကြော်သံများဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားထောက်ခံပါသည်၊ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်သားများ ဘေးကင်းပါစေ၊ CRPH အလိုမရှိ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်စီးသော မည်သည့် အဖွဲ့အစည်းကို မဆို တိုင်းရင်းသားပြည်သူများနှင့် တပ်မတော် ပူးပေါင်းချေးမှုန်းရေး၊ အကြမ်းဖက် PDF အလိုမရှိ၊ အကြမ်းဖက် NUG၊ CRPH ကျဆုံးပါစေ၊ မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သော တပ်မတော်အား ထောက်ခံပါသည်၊ NUG အလိုမရှိ၊ ပြည်ဖျက် မီဒီယာများ ကျဆုံးပါစေ၊ ပြည်သူ ပြည်သားတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား ထောက်ခံပါသည်၊ စစ်မှန်သော ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေးစသည့် ဗွီနိုင်းပိုစတာများကိုင်ဆောင်ကာ ပန်းဇင်ချောင်းတံတားမှ စတင်ထွက်ခွာရာ မေယုလမ်းထိ၊ မင်းထီးလမ်းမှ မင်းဗာကြီးလမ်းထိ၊ မင်းဗာကြီးလမ်းမှ ဗိုလ်ချုပ်လမ်းအထိ၊ ဗိုလ်ချုပ်လမ်းမှ ပန်းဇင်ချောင်းတံထားထိပ် စုရပ်အထိ ချီတက်ကြွေးကြော် ထောက်ခံခဲ့ကြသည်။


တပ်မတော်ထောက်ခံပွဲ ဦးဆောင်စီစဉ်သူများသည် ဥပဒေနှင့်အညီ တင်ပြ၍ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)