စဉ့်ကိုင်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - ဇန်နဝါရီ     ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌    ယနေ့နံနက် (၁၀)နာရီက   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍  လုပ်ငန်း ညှိနှိုင်းအစည်းအဝေး  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အကြမ်းဖက်အုပ်စုများဖြစ်သည့်  CRPH၊  NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊   ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ၏ Facebook  Acount များမှ   နိုင်ငံတော်တည်ငြိမ်ရေးကို  ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု  ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး  Silence   Strike (အသံတိတ်သပိတ်ပြု လုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊  ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်ထားရှိမှု အပေါ် စက်ရုံ/အလုပ်ရုံများ အကြောင်းမဲ့ပိတ်ထားခြင်း မရှိစေရေးပြောကြားခဲ့ပြီး အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းလွင်က စက်ရုံအလုပ်ရုံများ ဈေးဆိုင်များအား  ၎င်းတို့နှိုးဆော်ထားသည့်နေ့တွင် ပိတ်သည်ဆိုပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂/က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့်ပုဒ်မ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေး  ဥပဒေပုဒ်မ ၃၃(က)နှင့်တည်ဆဲ ဥပဒေများအရ အရေးယူခံရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍   အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည်ဖြိုးအောင်က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော   CRPH၊ NUG နှင့် ယင်းတို့လက်အောက်ခံအဖွဲ့အစည်းများ၊ ဆက်နွယ်နေသောအဖွဲ့အစည်းများ  လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို  အကြောက်တရားများဖြစ်ပေါ်စေပြီး  အစိုးရယန္တရားများ  ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော် ခြင်း ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို   လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း အားပေးကူညီခြင်းများ မပြုလုပ်ရန် ပြောကြားခဲ့သည်။

သတင်း - အောင်ပိုင်ပိုင်ကျော် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)