ကျောက်တံတားမြို့နယ်တွင်အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိရှိသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံတားမြို့နယ်တွင်အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိရှိသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

 


MNP - ဇန်နဝါရီ    ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိရှိသူများအား ကာကွယ် ဆေးထိုးစုရပ် ဖြစ်သည့်အမှတ်(၃)ရပ်ကွက် ၊မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံး ဟောင်းရှေ့)တွင် နံနက်(၀၉း၀၀)နာရီအချိန်မှ(၁၃း၃၀)နာရီထိ Sinopharm Second Dose ကို ထိုးနှံသူ(၉)ဦး၊ Sinovac(2Dose)Second Doseထိုးနှံသူ(၄၁၆)ဦး၊ Covishield First Doseထိုးနှံသူ(၂၃၁)ဦး စုစုပေါင်း(၆၅၆)ဦးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)