မုဒုံမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်း ကျေးရွာလေးရွာတွင် ၁၀၀ ရာခိုင်နှုန်းပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်း ကျေးရွာလေးရွာတွင် ၁၀၀ ရာခိုင်နှုန်းပြီးစီး



MNP  - ဇန်နဝါရီ    ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု (၆)လကဏ္ဍရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ်သိန်း(၄၀၀)နှင့် ပြည်သူ ထည့်ဝင်ငွေသိန်း(၄၀) စုစုပေါင်းသိန်း(၄၄၀)ဖြင့် ကျေးရွာ လေးရွာ၌ လမ်းခင်းခြင်း လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်သည်။

မုဒုံမြို့နယ် ပိုင်ကမာကျေးရွာတွင် မြဟေမာလမ်း (၅၀၈ ပေ × ၁၂ ပေ × ၇ လက်မ) ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း၊ ဝက်တဲကျေးရွာ ရှင်စောပုလမ်း (၆၀၅ ပေ × ၁၀ ပေ × ၇ လက်မ) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ညောင်ဝိုင်းကျေးရွာ၊ ကျေးရွာအနောက်ပိုင်လမ်း (၅၃၅ ပေ× ၁၂ ပေ× ၆ လက်မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကွမ်လှာရွာသစ်ကျေးရွာ မဂ္ဂဒူ(၂)လမ်း (၅၁၀ ပေ× ၁၂ ပေ× ၆ လက်မ) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ကာ ယခုအခါ ကျေးရွာလေးရွာတွင် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သတင်း - အောင်မျိုးသူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)