ကျိုက်ဒုံမြို့၌ သတ္တမအသုတ်၊ ပထမအကြိမ် အသက် ၁၈ နှစ်နှင့်အထက် ပြည့် ပြည်သူ (၂၉၇) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ဒုံမြို့၌ သတ္တမအသုတ်၊ ပထမအကြိမ် အသက် ၁၈ နှစ်နှင့်အထက် ပြည့် ပြည်သူ (၂၉၇) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

 


MNP - ဇန်နဝါရီ     ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများ တွင် နေထိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် ပြည့်ပြီး ပြည်သူ (၆၆) ဦး၊ ယမန်နေ့က (၂၃၁) ဦးစုစု ပေါင်းပြည်သူ (၂၉၇) ဦးအား  သတ္တမအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျိုက်ဒုံမြို့ပေါ် နှင့် ကျေးရွာနေ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင့် သိရသည်။

သတင်း - သန်းထွန်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)