ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 



MNP - ဇန်နဝါရီ     ၁၁

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူ လျာထားဦးရေ ပြည်သူ(၃,၂၀၉,၈၄၄)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၄၆,၀၂၆)ဦး၊ စုစုပေါင် း(၃,၃၅၅,၈၇၀)ဦးအား ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၉)ရက် နေ့အထိ တစ်ကြိမ်ထိုးနှံပြီးသူ (၂,၀၂၄,၃၄၉)ဦး၊ နှစ်ကြိမ်မြောက် ထိုးနှံပြီးသူ (၁,၅၅၆,၃၁၅)ဦး ထိုးနှံပြီးစီး ခဲ့ပြီး တစ်ကြိမ်ထိုးနှံပြီးစီးမှုအပေါ်တွင် ရာခိုင်နှုန်းအားဖြင့် (၆၀.၃၂%) လွှမ်းခြုံထိုးနှံနိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လျာထားမှုအပေါ်တွင် (၈၈.၈%) ထိုးနှံ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊  ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၃၇၀၇၂)ဦး၊ မြောက်ပိုင်းတွင် (၂၉၁၁၈)ဦး၊ အရှေ့ပိုင်းတွင် (၁၆၇၉၅)ဦး၊ စုစုပေါင်း(၈၂၉၈၅)ဦး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၃၂၇)ဦး၊ ရောဂါပိုး ပြန်လည်ကင်းစင်လာသူ (၇၉၉၃၃)ဦး ရှိခဲ့သဖြင့် ရောဂါဖြစ်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး အစည်းအဝေး တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြ၍ ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြ ချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)