ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ဒုတိယအကြိမ် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ဒုတိယအကြိမ် ထိုးနှံပေး




MNP - ဇန်နဝါရီ    ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ်(၁၅)ရပ်ကွက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

  အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ဆေးထိုးသူများ စနစ်တကျ ဆေးထိုးနိုင်ရန်နေရာများ စီစဉ်ဆောင်ရွက်ထားခြင်း၊ ဆေးထိုးပြီးသူများ နားနေနိုင်ရန်နေရာများ ထားရှိခြင်းနှင့် ဆေးထိုးသူများအား အစဉ်ပြေချောမွေ့အောင် ဆေးထိုးနိုင်ရေးတို့ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - နေမျိုးထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)