အင်္ဂပူမြို့နယ် ပြည်သူ့ဆေးရုံတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် ပြည်သူ့ဆေးရုံတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်





MNP - ဇန်နဝါရီ   ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။ အင်္ဂပူမြို့နယ် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု ဥသျှစ်ကုန်းဇာတိဖွား ဆရာတော်များဖြစ်ကြသော ဦးဝိမလဗုဒ္ဓိ၊ ဦးပညာဝံသ၊ ဦးစန္ဒာဝရ၊ ဦးစက္ကပါလသိဒ္ဓိ၊ ဦးဇောတိကတို့၏ ခမည်းတော် မယ်တော်များဖြစ်ကြသော ဦးဖြူသီး + ဒေါ်ရွှေမိ၊ ဦးမောင်မိုး+ဒေါ်ညိမ်းပုတို့က အင်္ဂပူပြည်သူ့ဆေးရုံတွင် သုံးစွဲရန်ခွဲစိတ်ခန်း သုံး ခုတင် (၂) လုံး၊ ဝှီးချဲ (၂) ခု၊ ဘီဒို (၂) လုံး၊ ဆက်တီ (၁) စုံ၊ ရုံးသုံးစားပွဲနှင့် ကုလားထိုင်(၁)စုံလှူဒါန်းမှု အစုစုကိုအင်္ဂပူမြို့နယ်အသင်းမှ ကိုယ်စားပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အလှူရှင်ဆရာတော်များ၏ကိုယ်စား ဆရာတော်ဦးဝိမလဗုဒ္ဓိမှ လှူဖွယ်ပစ္စည်းများ ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကိုယ့်ဒေသရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း မြွက်ကြားခဲ့သည်။ ထို့နောက်လှူဖွယ်ပစ္စည်းများကို အလှူရှင်များ၏ကိုယ်စား အင်္ဂပူမြို့နယ် အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်မှ မြို့နယ်ဆရာဝန်ကြီး ဒေါ်အေးပပစိုးရီထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခုလိုလှူဒါန်းမှုကြောင့် ကျန်းမာရေးအတွက် အားထားနေရသည့် ကုတင် ၅၀ ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများစိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်မည်ဖြစ်၍ များစွာဝမ်းမြောက်မိပါကြောင်း ဆေးရုံကြီးရဲ့လိုအပ်နေသည့်နေရာများကို ဖြည့်ဆည်းနိုင်၍ များစွာအကျိုးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ဦးသိန်းဟန်မှ ဆေးရုံကြီးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန်အတွက် အလှူငွေ၅သိန်း ကျပ်ကိုလည်း လှူဒါန်းခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါ်အေးပပစိုးရီမှ ဂုဏ်ပြုမှတ်တမ်းလွှာကို အင်္ဂပူမြို့နယ်အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်ထံပြန်လည်ပေးအပ်၍ အလှူရှင်များကိုယ်စား အင်္ဂပူမြို့နယ်အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး အခမ်းအနားပြီးဆုံးကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)