မင်္ဂလာဒုံမြို့နယ်တွင် လုယက်ရမ်းကားသူများက ဓားဖြင့်ထိုး၍ အထက်တန်းကျောင်းသားတစ်ဦး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် လုယက်ရမ်းကားသူများက ဓားဖြင့်ထိုး၍ အထက်တန်းကျောင်းသားတစ်ဦး သေဆုံး


MNP ၊ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် လုယက်ရမ်းကားသူများက ဓားဖြင့်ထိုး၍ အထက်တန်းကျောင်းသားတစ်ဦး သေဆုံးမှု ဇန်နဝါရီ ၂၂ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ည ၇နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ၂/က စံပြရပ်ကွက်၊ ကာယသုခအပြင်လမ်း၌ နေထိုင်သော ဒေါ်စန်းစန်းငြိမ်းနှင့် ၎င်း၏ သားဖြစ်သူ မောင်နေလင်းအောင်သည် ဥက္ကာလမ်း၌ ဈေးဝယ်နေစဉ် အမည်မသိ လူတစ်စုက ဒေါ်စန်းစန်းငြိမ်း၏ ပိုက်ဆံအိတ်အား ဝင်ရောက်လုယက်၍ ဓားဖြစ်ထိုးရာ ခုခံသူ မောင်နေလင်းအောင် (၁၅နှစ်)တွင် ဓားဒဏ်ရာများရရှိ၍ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်အတွင်း ညအချိန် လျှပ်စစ်မီးပြတ်တောက်ချိန်ကို အခွင့်ကောင်းယူ၍ မသမာသူများက ဓားထောက်လုယက်မှုများ ကျူးလွန်လေ့ရှိကြောင်းလည်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အမှုဖွင့်ကာ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)