အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် အသက်(၈၅)အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် အသက်(၈၅)အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်



MNP - ဇန်နဝါရီ    ၂၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လ ပတ်အတွက် အသက်(၈၅)အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများကပေးအပ်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် အသက်(၈၅)အထက် သက်ကြီးရွယ်အို ဘိုးဘွား(၁၄၅၈)ဦးအား တစ်ဦးလျှင် ၃၀၀၀၀/- နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၄၃၇၄၀၀၀၀/-)(ကျပ်လေးရာသုံးဆယ့်ခုနှစ်သိန်းလေးသောင်းတိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။           

သတင်း - မျိုးသိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)