ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနား ကျင်းပ


MNP - ဇန်နဝါရီ    ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အနောက်ရပ်)တွင် ပြုလုပ်သည်။

အဆိုပါ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်သည့်အခမ်းအနားကို မြို့နယ်စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး နိုင်ဝင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဖေနှင့် မြို့နယ် ပညာရေးမှူး ဒေါက်တာဇင်သက်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများက ကျောင်း အတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ ကျောင်းအဆင့်တိုးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုး တော် ဆောင်များနှင့် ပညာရေးဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

ကျောက်တံခါးမြို့နယ်တွင် အထက်တန်းကျောင်း(၁၅) ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်း(၁၄)ကျောင်း၊အလယ်တန်း(ခွဲ)ကျောင်း(၄၁)ကျောင်း၊ မူလတန်းလွန်(၁၂၈)ကျောင်း၊မူလတန်း(၁၆)ကျောင်းနှင့် မူလတန်း(ခွဲ)(၈)ကျောင်း စုစုပေါင်း(၂၂၉) ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူဦးရေ(၂၀၈၀၀)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - စန်းစန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)