MNP ၊ ဇန်နဝါရီ ၂၆
ရခိုင် ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commiunity Centre)ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show)ကို ယနေ့ နေ့လည် (၁၄:၀၀)နာရီအချိန်ကဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် ဒုတိယဦးစီးမှူးဦးမြင့်ခိုင်တို့မှ ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online page များလွှင့်တင်၍ အသိပညာပေးကဏ္ဍများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးနေမှုအား ဆွေးနွေးပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်မှ ကလေးသူငယ်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးသူ ငယ်ဥပဒေပြဌာန်းချက်၊ ကလေးအလုပ်သမားအခွင့်အရေးဥပဒေ၊ ကလေးအလုပ်သမားဘဝမှလွတ်မြောက်နိုင် ရေးအတွက် ကလေးအုပ်ထိန်းသူမိဘများအနေဖြင့်ဆောင်ရွက်သင့်သော နည်းလမ်းများ စသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment