MNP - ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် အတွင်းရှိပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် အသက်(၁၈) ပြည့်ပြီးသူများ Phase-6(First Dose)နှင့် Phase-4/5(Second Dose) ထိုးနှံရန်ကျန်ရှိသူများကို သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
လားရှိုးမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံရန် ကောက်ခံထားသောလူဦးရေ(၂၁၂၈၁၆)ဦးရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူ (၁၃၉၆၂၂) ဦး (၅၅.၁၆%)အထိရှိပြီဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည့် အချိန်မှစ၍ (၆)လကျော်ရှိပြီးသောသူများကိ ကိုဗစ်-၁၉ booster များထိုးနှံပေးနိုင်ရန် သက်ဆိုင်ရာကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆေးထိုးနှံမည့်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်များ လိုအပ်မည် ဖြစ်ကြောင်းသိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment