MNP - ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီး တိုက်ပွဲရှောင်စခန်းတွင် ရောက်ရှိနေသော ဒေသခံ ပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ဘော်ကြိုကျေးရွာ၊ ဘော်ကြိုဘုရားကြီးတွင် တိုက်ပွဲရှောင်ရန် ရောက်ရှိနေသော ကျင်သီကျေးရွာ၊ ပုံဖမ်းကျေးရွာ၊ တွန်ဆောက်ကျေးရွာ၊ ဆွန်အွိုက် ကျေးရွာ၊ လောင်ခွန်ကျေးရွာ၊ တဲစန်းကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ (၂၄၅) ဦးရှိသည့်အနက် ပြည်သူ (၈၆) ဦးနှင့် အသက်(၅) နှစ်အောက် ကလေး (၂၉) တို့အားလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်း များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်လေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment