MNP - ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အသက်၁၈နှစ်မှ အသက်၆၀ ပြည့်ပြီးသူများအား (Phase-4) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ပြည်သူများကို သက်ဆိုင်ရာ စုရပ်များအလိုက် ယနေ့နံနက် ၉နာရီအချိန်မှ စတင်ကာ အောင်ဆန်းသူရိယ အေးချိုအားကစားခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့် အသက်(၆၀)နှစ်ပြည့်ပြီးသူများ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်ရှိဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများ၊ ပြည်သူများအားထိုးနှံပေးနေကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယမန်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ(၆၆၉၃)ဦးနှင့် ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ်ထိုးနှံပြီးသူ (၅၅၄၈၀)ဦးထိ ထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။
သတင်း - တွံတေးသား
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment