ကလေးမြို့နယ် ကျေးရွာသားတဦးအား စစ်တပ်က ပစ်သတ်ပြီး နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီး ဟု DVB သတင်းဌာနက မမှန်မကန် ဖန်တီးရေးသားဖော်ပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးမြို့နယ် ကျေးရွာသားတဦးအား စစ်တပ်က ပစ်သတ်ပြီး နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီး ဟု DVB သတင်းဌာနက မမှန်မကန် ဖန်တီးရေးသားဖော်ပြ



MNP ၊ ဇန်နဝါရီ ၁၂

NLD, PDF အကြမ်းဖက်အဖွဲ့များကို လော်ဘီလုပ် ရေးသားဖော်ပြလျှက်ရှိသော သတင်းဌာနအမည်ခံ DVB အကြမ်းဖက်လှုံ့ဆော်ဌာနက တပ်မတော်အပေါ် အများပြည်သူအထင်အမြင်လွဲမှားစေရန်  ကလေးမြို့နယ် ကျေးရွာသားတဦးအား စစ်တပ်က ပစ်သတ်ပြီး နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီး ဟု မမှန်မကန် လုပ်ကြံဖန်တီးရေးသားဖော်ပြထားသည်ကို တွေ့ရသည်။ 

၎င်းတို့၏ ရေးသားဖော်ပြချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျေးရွာပြည်သူတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်က အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးထားတာဖြစ်ပြီး ပြည်သူပိုင် ဆိုင်ကယ်တွေနဲ့ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မမှန်မကန် လုပ်ကြံဖန်တီး ရေးသားထားသည်ကို တွေ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေဘောင်အတွင်းနေထိုင်သည့် တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် မည်သည့် ပြည်သူကိုမှ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း မရှိဘဲ အပြစ်မဲ့ (လက်နက်မဲ့) ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် စော်ကား၊ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျှက်ရှိသည့် NLD အကြမ်းဖက်အုပ်စုက ဖွဲ့စည်းထားသော CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDF အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများကိုသာ ဥပဒေအရ နှိမ်နင်းဆောင်ရွက်နေရခြင်းဖြစ်သည်။

NLD အကြမ်းဖက်ပါတီက ဖွဲ့စည်းထားသော CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများသည် ပြည်ပမှ တရားမဝင်ရရှိသော လက်နက် ငွေကြေး အထောက်အပံ့များဖြင့် အပြစ်မဲ့ လက်နက်မဲ့ ရဟန်းရှင်လူ ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ ဆရာ/ဆရာမ၊ ကလေးငယ်များ အပါအဝင် ၁၅၀၀ကျော်အထိ သေဆုံးခဲ့ရသည်။


ထိုသို့ NLD အကြမ်းဖက်ပါတီက ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ လူမဆန်စွာ ရက်စက်ယုတ်မာမှုများကို အကြမ်းဖက်လှုံ့ဆော်သတင်းဌာနများဖြစ်ကြသည့် DVB, Mizzima, The The Irrawaddy, Khit Thit Media, Myanmar Now, BBC, VOA, RFA သတင်းဌာနများအနေဖြင့် မှန်ကန်စွာ ရေးသားဖော်ပြခြင်းမရှိဘဲ တပ်မတော်အပေါ် အများပြည်သူက အထင်အမြင်လွဲမှားစေရန် သတင်းမှားများ၊ လုပ်ကြံသတင်းများ မဟုတ်မမှန် ဖန်တီးရေးသားဖော်ပြနေသော သတင်းဌာနများ ဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)