MNP - ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စ၍ မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံ၊ မိုင်းကောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၊ မိုင်းဟမန်မုံ တိုက်နယ်ဆေးရုံနှင့် နားခိုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း စသည့် စုရပ်(၄)ခု၌ ပြည်သူ(၂၃၅) ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် စတုတ္ထ အသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၃၀)ဦးနှင့် ပဉ္စမအသုတ် ဒုတိယအကြိမ် (၂၀၅)ဦး စုစုပေါင်း (၂၃၅)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သတင်း - ကျော်ဇင်ထိုက်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment