မိုင်းခတ်မြို့နယ်တွင် သီးပွင့်ဆဲဘိန်းခင်း ၄ ဒသမ ၅ ဧက သွားရောက်ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းခတ်မြို့နယ်တွင် သီးပွင့်ဆဲဘိန်းခင်း ၄ ဒသမ ၅ ဧက သွားရောက်ဖျက်ဆီး




MNP - ဇန်နဝါရီ     ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် တုံဖကော်အုပ်စု၊ နမ့်မွဲကျေးရွာအရှေ့ဖက်ရှိ ၁ ပေအောက် ဘိန်းခင်း ၄ ဒသမ ၅ ဧကအား ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မူးယစ်လှုပ်ရှားတပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် တုံဖကော်အုပ်စု၊ နမ့်မွဲကျေးရွာအရှေ့ဖက်ရှိ ၁ ပေအောက် ဘိန်းခင်း ၄ ဒသမ ၅ ဧကတို့ကို ဖျက်ဆီးခဲ့သည်။

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရန် စီမံချက်များရေးဆွဲ၍ ဘိန်းစိုက်ပျိုးခြင်းရပ်တန့်ကာ  အခြားစီးပွားဖြစ် သီးနှံများစိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)