MNP ၊ ဇန်နဝါရီ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာရေးထိုး၍ လုပ်ငန်းပူးပေါင်းဆောင်ရွက်နေသော အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ သုံးသပ်အကဲဖြတ်ရေးအဖွဲ့ ( Monitoring and Evaluation Team ) က ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲများနှင့် ညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online ပုံစံဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမူဝါဒအရ ပြည်သူများအနေဖြင့် လူမှုဖွံဖြိုးရေးနှင့် ဘေးဒဏ်ကြံကြံခံရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိတဲ့ လူမှုအသိုက်အဝန်း ဖြစ်လာစေရေးအတွက် ဆောင်ရွက်နေပြီး လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ကြီးဌာနဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနသည် အဖွဲပေါင်း (၄၄) ဖွဲနှင့် MoU (၅၈) ခု ရေးထိုးထားကြောင်း၊ Monitoring and Evaluation Team ကို အဖွဲ့(၂)ဖွဲ့ခွဲပြီး ဖွဲစည်းထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံတကာအဖွဲအစည်းများ၏ စီမံကိန်းဒေသများရှိ လုပ်ငန်းဆောင်ရွက်မှုများတွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ သက်ဆိုင်ရာဦးစီးဌာနရုံးခွဲများက ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်လျက် စီမံကိန်းအကောင်အထည်ဖော်မှုများ ထိရောက်စေလိုကြောင်းနှင့် တည်ဆဲဥပဒေများနှင့်အညီ အကောင်အထည်ဖော်နိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက သုံးသပ်အကဲဖြတ်အဖွဲ၏ စံလုပ်ငန်းစဉ် (Monitoring and Evaluation SOP ) ရှင်းလင်းခြင်း၊ နားလည်မှုစာချွန်လွှာရေးထိုးရေး လုပ်ငန်းစဉ်များ၊ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ၊ ပြည်တွင်းခရီးလာခွင့် ခွင့်ပြုချက် တောင်းခံရေး၊ WFP ၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေး ထောက်ခံချက်ပေးမှု အခြေအနေနှင့် လုပ်ငန်းစဉ်များ၊ အာဆီယံမှ မြန်မာနိုင်ငံသို လူသားချင်းစာနာမှုအကူအညီများကို AHA Centre မှတဆင့် ပေးအပ်ရေးအတွက် ညှိနှိင်းဆောင်ရွက်ဆဲအခြေအနေများ အသီးသီးရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး / ပြည်နယ် ဦးစီးမှူးများကလည်း လက်ရှိအခြေအနေများ၊ အခက်အခဲများနှင့် အကြံပြုချက်များ တင်ပြခြင်းဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment