မြန်မာ့လက်မှုအနုပညာ (MHC)ဖွင့်ပွဲ အခမ်းအနားနှင့် အသေးစားစက်မှုလက်မှု အနုပညာ ကုန်ထုတ်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ(ရန်ကုန်) ကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်း အစည်း အဝေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့လက်မှုအနုပညာ (MHC)ဖွင့်ပွဲ အခမ်းအနားနှင့် အသေးစားစက်မှုလက်မှု အနုပညာ ကုန်ထုတ်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ(ရန်ကုန်) ကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်း အစည်း အဝေးဆောင်ရွက်

 



MNP - ဇန်နဝါရီ    ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနမှ ကြီးမှူးကျင်းပမည့် မြန်မာ့လက်မှု အနုပညာ(MHC)ဖွင့်ပွဲ အခမ်းအနားနှင့် အသေးစား စက်မှု လက်မှုအနုပညာ ကုန်ထုတ်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ(ရန်ကုန်)ကို ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်မော်က ဈေးရောင်းပွဲသို့ လာရောက်မည့် ပြည်သူများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို  တင်ပြဆွေးနွေး ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကပ်ကျော်က ဆပ်ကော်မတီတွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက မိမိကျရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ကြမည့် အခြေအနေ များနှင့် ပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ (၂)ရက် တိုင်တိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်ပြန်/ဆက် တို့မှ တာဝန်ရှိသူများက မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍများကို အသီးသီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မြမြဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)