မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၁၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ၉၅ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၁၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ၉၅ ရာခိုင်နှုန်းပြီးစီး

 


MNP - ဇန်နဝါရီ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၁၆)ရွာတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ  ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင်  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ် သိန်း(၁၆၀၀)ဖြင့် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ (၄)ရွာ၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ (၄)ရွာ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ (၄)ရွာနှင့် သာစည်မြို့နယ်တွင် ကျေးရွာ (၄)ရွာတို့တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ သည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ သိန်း(၁၀၀)နှင့် ကျေးရွာသူကျေးရွာသားများ၏ ထည့်ဝင်ငွေများဖြင့် မိတ္ထီလာမြို့နယ် အတွင်းရှိ ကွက်ငယ်၊ သရက်ကန်၊ ညောင်ပင်သာ၊ လက်ပံ့အိုင့်(န)ကျေးရွာတို့တွင် ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မလှိုင်မြို့နယ်အတွင်းရှိ ကုန်းတဲမြောက်၊ ဆည်တို(ရွာမ)၊ ယာရှည်ကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများနှင့် ကျင်းရွာကျေးရွာတွင် ကျေးရွာတွင်းလမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် သာစည်မြို့နယ်အတွင်းရှိ နန်းတော်ကုန်း၊ ဘိုတဲကုန်း၊ ညောင်ကုန်း၊ ကြက်မောက် ကျေးရွာတို့ တွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဝမ်းတွင်း မြို့နယ်အတွင်းရှိ တမာကုန်း၊ ချိုင်း၊ မင်းကန်၊ ကန်တိုကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင် ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သတင်း - သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)