ဖျာပုံမြို့၌ အသက်(၁၈)နှစ်နှင့်အထက် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရမည့် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၌ အသက်(၁၈)နှစ်နှင့်အထက် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရမည့် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

 


MNP - ဇန်နဝါရီ    ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူ ပြည်သူများအား၊ တစ်ကြိမ်သာ ထိုးနှံရမည်ံ့ ရုရှားနိုင်ငံထုတ် (Sputnik. Light) ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး၊ မိခင်နှင့်ကလေးကုသရေးဌာနတွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရမည်ံ ရုရှားနိုင်ငံထုတ် (Sputnik Light) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန်ခြင်း ၊ တစ်ဦးနှင့်တစ်ဦး(၆)ပေစီခြား၍ စနစ်တကျ နေရာ ချထားပြီးကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ ဖျာပုံမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား အကန့်အသက်မရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

သတင်း - အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)