မိုးကောင်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသော အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinovac Phase Six first doses ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသော အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinovac Phase Six first doses ထိုးနှံပေး

 


MNP - ဇန်နဝါရီ    ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါ မှမထိုးရသေးသော အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ဇန်နဝါရီ ၂၆ ရက်နံနက် ၉ နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၊ နမ္မနကျေးလက်ကျန်းမာရေးဌာန၊  ပင်းဘောကျေးရွာဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တို့၌ Phase Six first doses ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက Covid-19 ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် Phase Six doses အတွက် ကိုဗစ်ကာကွယ်ဆေး Sinovac ကို တရုတ်နိုင်ငံပေါင်းစန်းပြည်နယ်မှ လှူဒါန်းသော ၂ ယောက်ထိုးဆေးလုံး ၅၀၀၀ ရရှိပြီး၊ မြို့နယ်အနေဖြင့် Covidshield ဆေးထိုးအပါအဝင် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၄၇၃၇၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - သန်းလွင်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)