အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားပေးလျက်ရှိသည်ကို မလိုလားသည့် NLD, PDF အကြမ်းဖက်သမားများက သင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားပေးလျက်ရှိသည်ကို မလိုလားသည့် NLD, PDF အကြမ်းဖက်သမားများက သင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်



MNP ၊ ဇန်နဝါရီ ၁၁

အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့်  NLD, PDF အကြမ်းဖက်သမားများအနေဖြင့် ပညာရေး ဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များ အား ပညာသင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလျက်ရှိသည်။

ထိုကဲ့သို့ ဆရာ၊ ဆရာများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း များ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီလ ၈ ရက် ည ၉ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ပုတီးကျေးရွာနေ အထက(ပုတီး)ကျောင်းမှ မူလတန်းပြဆရာမဖြစ်သည့် ဒေါ်လှလှညွန့် (၄၈)နှစ် (ဘ) ဦးတင်လှသည် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မိုး(၅၃)နှစ် (ဖ)ဦးကြည်အောင်နှင့် အတူ နေအိမ်၌ရှိနေစဉ် NLD, PDF အကြမ်းဖက်သမား ၈ ဦးက လက်နက်များကိုယ်စီ ကိုင်ဆောင် ကာရောက်ရှိလာပြီး ဒေါ်လှလှညွန့်အား CDM ပြုလုပ်ခြင်းမရှိသည့်အတွက်ဟုဆိုကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ပေချောင်ကျေးရွာအနီးအရောက် သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် ကသာမြို့နယ်၊ လက်ပန်ဇင် ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်းသို့ လက်နက်များကိုယ်စီကိုင်ဆောင် ထားသည့် NLD, PDF အကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း ဆရာ၊ ဆရာမများနေထိုင်သည့် အခန်းများအား ဖျက်ဆီးဝင်ရောက်ပြီး ဆရာ၊ ဆရာမများအား “ကျောင်းဖွင့်လှစ်ခြင်း မပြုလုပ်ရန်၊ ကျောင်းဖွင့်ပါက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်ကိုအာမ မခံကြောင်းနှင့် ကျောင်းအား မီးရှို့ဖျက်ဆီး ပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ ဆရာ၊ ဆရာမတို့၏ လက်ကိုင်ဖုန်းများအား လုယက်ယူဆောင် ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထို့အတူ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ကျောက်ထုံးကြီးကျေးရွာ အထကကျောင်း ဝင်းအတွင်းသို့ NLD, PDF အကြမ်းဖက်သမား ၄ ဦးက လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း နေထိုင်သည့် ဆရာ၊ ဆရာမများထံမှ လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ကာ၊ ကျောင်းဖွင့်လှစ်ခြင်းမပြုလုပ်ရန်ခြိမ်းခြောက် ပြောဆိုပြီး ဆရာ၊ ဆရာမများ အား ခြေထောက်ဖြင့်ကန်ကျောက်ကာ၊ ဓားရိုးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျောင်းဆရာ၊ ဆရာမအချို့တွင် ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်းသည်။

အလားတူ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ဒေါင့်ကြီးကျေးရွာရှိ အထက(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ အကြမ်းဖက်သမားတစ်ဦးက “ကျောင်းဖွင့်လှစ်ခြင်းမပြုရန်၊ ဆရာ၊ ဆရာမများနှင့် ကလေးများ၏အသက်ကိုအာမ မခံကြောင်း” ဖုန်းဖြင့် ဆက်သွယ်ခြိမ်းခြောက်ခဲ့ ကြောင်း သိရသည်။

လက်ပန်ဇင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ကျောက်ထုံးကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့သည် ကိုဗစ်ရောဂါဖြစ်ပွားနေမှုကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အထက(ကျောက်ထုံးကြီး)၌ ကျောင်းသား၊ ကျောင်းသူ ၃၁၉ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို လိုလားမှု မရှိဘဲ ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် NLD, PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)