MNP ၊ ဇန်နဝါရီလ ၁၁
ယနေ့နံနက် မန္တလေးမြို့၊ ၃၅လမ်းနှင့် ၆၆လမ်းတွင် ဆူပူအကြမ်းဖက် လှုံ့ဆော်ဆန္ဒပြရာတွင် အသုံးပြုသည့် အကြမ်းဖက် NLD ပါတီ၏ အမှတ်တံဆိပ်ပါ ပစ္စည်းများ လာရောက်စွန့်ပစ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ခံတစ်ဦးက "လုံခြုံရေးတပ်ဖွဲ့ကတော့ သတိနဲ့ သွားရတာပေါ့နော်။ တစ်နိုင်ငံလုံးမှာလည်း အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတာ NLD ပဲ ရှိတယ်လေ။ မန္တလေးမြို့ပေါ်မှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေတောင် ဖြစ်ပေါ်ခဲ့တာရှိတယ်။ ဒါပေမယ့် သွားရောက် ဖယ်ရှားရှင်းလင်းတဲ့အခါမှာ ဖောက်ခွဲရေးပစ္စည်းမပါပဲ အကြမ်းဖက် NLD ပါတီကို ထောက်ခံဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့သူက NLD အမှတ်တံဆိပ်ပါတဲ့ တီရှပ်တွေ၊ နှဖူးစည်းတွေ အစရှိတဲ့ အကြမ်းဖက်လှုံ့ဆော်ဆန္ဒပြမှုတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေ လာရောက်စွန့်ပစ်ထားတာကို တွေ့ရပါတယ်။" ဟု မြန်မာနေရှင်ပို့စ်သို့ ပြောသည်။
အကြမ်းဖက်NLD ပါတီက CRPH, NUG, PDF အမည်မျိုးစုံဖြင့် အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး တိုင်းတပါးမှ တရားမဝင် ရရှိထားသည့် လက်နက်ငွေကြေး အထောက်အပံ့များဖြင့် အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆူပူအကြမ်းဖက်မှုများတွင် အသုံးပြုသည့် လက်နက်ခဲယမ်း၊ ဆက်သွယ်ရေးပစ္စည်း၊ မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများနှင့် လုံခြုံရေးတပ်ဖွဲ့များထံတွင် လာရောက်အပ်နှံရန် ဆူပူအကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေပါက ဥပဒေနှင့်အညီ နှိမ်နင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သူတချို့က အကြမ်းဖက်မှုများတွင် ဆက်လက်ပါဝင်ခြင်း မရှိတော့ဘဲ လက်နက်ခဲယမ်းများနှင့် အကြမ်းဖက် NLD အမှတ်တံဆိပ်ပါအသုံးအဆောင်ပစ္စည်းများကို ပိုင်ရှင်မဲ့ စွန့်ပစ်မှုများ ပြလုပ်လာကြသည်ကို တွေ့မြင်ရသည်။
မန္တလေးမြို့ပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တဖွဲ့လုံးက ကိုးကွယ်သော ပုဂ္ဂိုလ် ဇာနည်ကိုကို ဆိုသူ လိင်တူချစ်သူ၊ လောင်းကစားသမားအား လုံခြုံရေတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment