ဘုတ်ပြင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးဦးတွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးဦးတွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ






MNP - ဖေဖော်ဝါရီ    ၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးဦးတွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က  မြို့နယ်အားကစားခန်းမတွင်  ကျင်းပလျက်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ အုပ်စုပွဲစဉ် အဖွင့်ပွဲစဉ် ကစားကြသည့် အောင်မင်္ဂလာ(၂) အသင်းနှင့်ထောင်စုံမဟက်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ အာကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်းဖြင့် အုပ်စု(၄)စုခွဲကာ တစ်အုပ်စုလျှင်အသင်း(၃)သင်းဖြင့် အုပ်စုအတွင်း ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရ သည်။ ဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)