MNP - ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်ရှိနိဂြောဓါရုံကျောင်းတိုက်ရှိ မြို့နယ်သံဃနာယကရုံးခန်းတွင် ဘာသာ၊ သာသနာတော်မြတ်ကြီးသန့်ရှင်းစင်ကြယ်စွာ တည်တံ့ပြန့်ပွားရေးအတွက် တွံတေးမြို့နယ် သံဃနာယကအဖွဲ့များမှ အနားယူလစ်လပ်သွားသော သံဃနာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် (အနားယူ /အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သဘာပတိဆရာတော်တိုင်း သံဃနာယကအဖွဲ့ဝင်ဆရာတော်က၊ ဩဝါဒကထာမြွက်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားပြီး မြို့နယ် သံဃနာယကမှ အနားယူမည့်ဆရာတော်များ၏ ဘွဲ့အမည် စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်တစ်ပါးမှ ဖတ်ကြားလျှောက်ထားပြီး ထို့နောက်လစ်လပ်မှု ဖြစ်သော မြို့နယ်သံဃနာယကအဖွဲ့ဝင်(၂)နေရာများ၌အစားထိုးရွေးချယ်ရန် မြို့နယ်သံဃာ့ ဝန်ဆောင်ဆရာတော်တစ်ပါးမှ အဆိုတင်သွင်းပြီး ထောက်ခံမည့်ဆရာတော်အား ပင့်ဖိတ်ခြင်း၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်၏ ဘွဲ့အမည်အား အဆိုတင်သွင်းမည့်ဆရာတော် ကိုပင့်ဖိတ်၍ ထောက်ခံမည့်ဆရာတော်အား ပင့်ဖိတ်ခြင်းကို မြို့နယ်သံဃာ့နာယက ရွေးချယ်ဖွဲ့စည်းမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကေတုမာလာ၊ အဖွဲ့ဝင်ဘဒ္ဒန္တရေဝတ၊ အကျိုးတော်ဆောင်ဘဒ္ဒန္တကုမာရ ဆရာတော်များက မြို့နယ်ဥက္ကဋ္ဌဆရာတော်မှ မိမိနှင့်တွဲဖက် ဆောင်ရွက်မည့်စာရင်းအား တင်သွင်းခြင်းတို့ဆောင်ရွက်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့ (၁၃)ပါးကိုရွေးချယ်ပြီး သံဃာ့ဆန္ဒသာဓုသုံးကြိမ်ခေါ်အတည်ပြု၍ သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
အဆိုပါ ရွေးချယ်ပွဲသို့တိုင်းသံဃာ့နာယက ကြီးကြပ်ရေးဆရာတော်(၃)ပါး၊ မြို့နယ်သံဃနာ ယက ဆရာတော်(၁၁)ပါး၊ သံဃာ့ဝန်ဆောင်ဆရာတော်(၁၀၁)ပါးတို့ဖြင့် ဆောင်ရွက်ရာ၊ ခရိုင်သာသနာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေး မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပူပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - တွံတေးသား
https://t.me/MyanmarNationalPost
www.mnpnewsagency.com



No comments:
Post a Comment