MNP ၊ ဖေဖော်ဝါရီ ၈
ကမာရွတ်မြို့နယ်စည်ပင်ရုံးရှေ့ ရပ်ထားသည့် အမှိုက်ကားအား မော်တော်ယာဉ်တစ်စီး အရှိန်လွန်၍ တိုက်မိမှု ဖေဖော်ဝါရီ ၇ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၇ရက် ည ၇နာရီခွဲခန့်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် (၇)ရပ်ကွက် စည်ပင်ရုံးရှေ့၌ ရပ်ထားသည့် အမှိုက်ကားအား မော်တော်ယာဉ်တစ်စီးက အရှိန်လွန်၍ ဘေးမှဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူ အမျိုးသား၏ မျက်နှာ၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ပရဟိတအသင်းမှ မြေပြင်ကုသမှုများဆောင်ရွက်ကာ ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com



No comments:
Post a Comment