MNP - ဖေဖော်ဝါရီ ၈
ပခုက္ကူမြိုနယ် မီးသတ်စခန်း၏ အရှေ့မြောက်ဘက် (၂)မိုင်ခန့်အကွာ ကျွဲတဲကျေးရွာအုပ်စု လေယာဉ်ကွင်းဟောင်းအနီး ဆီသိုလှောင်ခြံတစ်ခုတွင် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲဝင် ၂၆ ဦး၊ အရန်တပ်ဖွဲဝင် ၂၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ အထောက်အကူပြုယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ ပုဂ္ဂလိကရေသယ်ယာဉ် ၁ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုအား စုံစမ်းစစ်ဆေးရာ အမှတ်(၄)ရပ်ကွက်၊ တပ်မလမ်းနေ ကိုအောင်မျိုးသန့် ပိုင်ဆိုင်သော ဆီသိုလှောင်ခြံရှိ ဆီပေပါများကို အလုပ်သမားလုပ်ကိုင်သူ ဦးစိုးသက်အောင်မှ ဓါတ်ဆီများ လှယ်ယူစဉ် လက်ရိုက်ပန့်ဖြင့် ဆီပေပါခွံအား ရိုက်ခတ်မိရာမှ မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် (92)ဓါတ်ဆီဂါလန် (၁၅၀)၊ ဒီဇယ်(ချက်ဆီ) ဂါလန် (၄၅၀)၊ အဆောက်အဦအချို မီးလောင်ဆုံးရှုးခဲ့ပြီး ဦးစိုးသက်အောင်နှင့် ဦးအောင်ရွှေတိုတွင် မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ဦးစိုးသက်အောင်အား ပခုက္ကူမြိုမရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - အောင်ဇော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com

No comments:
Post a Comment