ဂွမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် တည်းခိုခန်းများအား ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် တည်းခိုခန်းများအား ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ






MNP ၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ တည်းခိုခန်းများအား ဧည့်စာရင်း   စစ်ဆေးဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့   ည၉နာရီက ပူးပေါင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဦးစီးဌာနမှ    တာဝန်ရှိသူများ၊ မြို့မရပ်ကွက်   အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည်  မြို့မရပ်ကွက်အတွင်းရှိ "အောင်ချမ်းသာ တည်းခိုခန်း"၊ "တော်ဝင်နှင်းဆီ တည်းခိုခန်း"၊ "မိုး တည်းခိုခန်း" နှင့် "နန်းတော်ဝင် တည်းခိုခန်း"တို့တွင်တည်းခိုနေသူ ကျား(၂၀)ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း(၃၀)ဦးတို့အား ဧည့်စာရင်းစစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ရာ   ထူးခြားမှုတစ်စုံတရာ    မရှိခဲ့ကြောင်း   သတင်းရရှိသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)