မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်


MNP - ဖေဖော်ဝါရီ    ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဗိုလ်မှူးမြတ်သူ၊ ပညာ‌ရေးဌာန၊ စိုက်ပျိုးရေးဌာနတို့ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ်‌သခွတ်ရင်းကျေးရွာအုပ်စု၊ သက္ကယ်မြောင် ကျေးရွာ၊     မဒိုင်းကျေးရွာ၊    ခါးဇက်ကျေးရွာ၊   သခွတ်ရင်းကျေးရွာ၊    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်သန်း၊ အဖွဲ့ဝင် ဦးစန်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ လှေ့စဉ်ကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ၊ ကျောက်ထပ်ကျေးရွာ၊ ဆင်ဖြူကန်ကျေးရွာတို့တွင် ကျေးရွာနေ‌ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ကျော်သန်း၊ အဖွဲ့ဝင်ဗိုလ်မှူးမြတ်သူ၊ ဦးစန်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိတို့၏ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးအကြိမ်ရေပြည့်စွာ ထိုးနှံကြရန်နှင့် ကျောင်းသား/ကျောင်းသူများ  အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်ပညာရေးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊‌ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ဌာနအလိုက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျေးရွာနေပြည်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက    ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)