MNP - ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် သယံဇာတနှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းမြင့်အေးတို့သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက် ၈ နာရီခန့်က ရေနံချောင်းမြို့ စက်မှုလုပ်ငန်းများနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးများနှင့်အဖွဲ့သည် ရေနံချောင်းမြို့ သုံးဆယ့်ခြောက်ကျေးရွာ အုပ်စုရှိ စက်မှုဇုန်ခန်းမတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တိုးတက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကာ အခက်အခဲများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် စက်မှုဇုန်အတွင်းရှိ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုခဲ့သည်။
ဆက်လက်၍ ဝန်ကြီးများနှင့်အဖွဲ့သည် ရေနံချောင်းမြို့ မြို့ရှောင်လမ်းမိုင်တိုင် အမှတ်(၃၇၅/၄)ရှိ မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ရှင်းလင်းဆောင်သို့ရှောက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းကိုက Greening Complex Zone တွင် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်လင်းတင်ပြရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် အပူပိုင်ဒေသစိမ်းလန်းစိုပြေရေး စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment