ချောင်းဆုံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနမှ အရင်းမပျောက် ရန်ပုံငွေကျပ်သိန်း(၃၀၆)အား ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များအား ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနမှ အရင်းမပျောက် ရန်ပုံငွေကျပ်သိန်း(၃၀၆)အား ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များအား ထုတ်ချေးပေး


MNP - ဖေဖော်ဝါရီ     ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတို့တက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းကျေးရွာဖြစ်သည့် ခရိုက်နှီးဟု ကျေးရွာအုပ်စု၊ တော်ပကောက်ကျေးရွာရှိ ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များထံ ဖေဖော်ဝါရီ ၂၁ ရက်နေ့ က အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၆၀၀၀၀ဝိ/-) အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါအရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့်   ကျေးရွာများတွင် အသေးစားလုပ်ငန်းများဖြစ်သည့်   စိုက်ပျိုးရေး လုပ်ကိုင်မည့်  ပြည်သူ(၆)ဦးအတွက်    ငွေကျပ်(၁၉၅၀၀၀ဝိ/-)ကျပ်အား လည်းကောင်း၊ မွေးမြူရေးလုပ်ကိုင်ကြမည့် ပြည်သူ(၃၈)ဦးအတွက်  ငွေကျပ်(၂၀၅၇၅၀၀ဝိ/-)ကျပ်အား လည်းကောင်း၊ ရေလုပ်ငန်းလုပ်ကိုင်ကြမည့် ပြည်သူ(၁၆)ဦး အတွက် ငွေကျပ်(၂၃၀၀၀၀ဝိ/-)ကျပ်အား လည်းကောင်း၊   အရောင်းအဝယ် လုပ်ကိုင်ကြည်မည့်  ပြည်သူ(၁၇)ဦးအတွက် ငွေကျပ်(၅၀၇၅၀၀ဝိ/-)ကျပ်အား လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းအတွက် ပြည်သူ(၄)ဦးအတွက် ငွေကျပ် (၇၀၀၀၀ဝိ/-)ကျပ်အား လည်းကောင်း၊ စုစုပေါင်း အဖွဲ့ဝင်ဦးရေ(၈၁)ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၃၀၆၀၀၀ဝဝိ/-)ကျပ်ကို မြို့နယ်(ကျေး/လက်)ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် တာဝန်ရှိသူများက ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များထံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)