ရုရှားက ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှု ပြန်လည်ဆောင်ရွက် ၊ ကိဗ်မြို့ရှိ အဓိကတံတားများကို ယူကရိန်း ပိတ်ဆို့ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားက ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှု ပြန်လည်ဆောင်ရွက် ၊ ကိဗ်မြို့ရှိ အဓိကတံတားများကို ယူကရိန်း ပိတ်ဆို့ထား



ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ 

ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း  ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက မြို့တော်ကိဗ်နှင့် ချိပ်ဆက်ထားသော Dnieper မြစ်ကမ်းနှစ်ဖက်ရှိ အဓိက တံတားကို ပိတ်ဆို့ခဲ့ပြီး တံတား၏ ဘယ်ဘက်ကမ်းမှ ညာဘက်ကမ်းသို့ ရွေ့လျားသည့် ပစ်မှတ်များကို ချေမှုန်းမည်ဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။


ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မတပ်ဖွဲ့က ယင်းနေ့ တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov ၏ ပြောကြားချက်ကို ကိုးကား၍ TASS မှ သတင်းဖော်ပြခဲ့သည်။ ထို့ပြင် ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Alexei Arestovich က ရုရှား၏ တောင်းဆိုသတ်မှတ်ချက်များကို လက်မခံနိုင်သဖြင့် လက်ရှိ ယူကရိန်းက ရုရှားနှင့် ဆွေးနွေးမှုများ မပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု Sputnik က သတင်းဖော်ပြထားသည်။


အရေးယူပိတ်ဆို့မှုများက မည်သည့်အရာမှ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Medvedev က ဖေဖော်ဝါရီ ၂၆ ရက်တွင် ရုရှား၏အကြီးဆုံးဆိုရှယ်မီဒီယာ VK ၌ရေးသားခဲ့သည်။ ရုရှားနိုင်ငံသားများနှင့် နိုင်ငံခြားရှိ ရုရှားကုမ္ပဏီများအပေါ် ပြုလုပ်သည့် ပိတ်ဆို့အရေးယူမှုများကို ရုရှားနိုင်ငံမှ တန်ပြန်လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ဒွန်ဘတ်စ်ဒေသ ၏ လှုပ်ရှားမှုသည် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် အတည်ပြုထားသည့် ပစ်မှတ်များအားလုံး အကောင်အထည်ဖော်နိုင်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။


ရုရှားစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် ယူကရိန်းနိုင်ငံသား ၁၉၈ ဦးသေဆုံးပြီး ၁,၁၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် လုမှုကွန်ရက်အကောင့်၌ သတင်းထုတ်ပြန်ခဲ့သည်။ 

ရုရှားစစ်သည် ၆၀ တင်ဆောင်ထားသော ရဟတ်ယာဉ် ၃ စင်းသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီ တွင် Lviv ပြည်နယ် Brody မြို့ ဆင်ခြေဖုံးသို့ရောက်ရှိခဲ့ရာ ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ယင်းတို့က သစ်တောဘက်သို့ ဆုတ်ခွာခဲ့ကြောင်း ယူကရိန်းအနောက်ပိုင်းပြည်နယ် Lviv မြို့တော်ဝန် Sadovyi က ပြောကြားခဲ့သည်ဟု ယူကရိန်းသတင်းအေဂျင်စီများက သတင်းဖော်ပြထားသည်။


ယူကရိန်းသည် ရုရှား၏ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြောင်းနှင့် လက်ရှိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ယူကရိန်းသမ္မတဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းက မြို့တော်ကိဗ်နှင့် ဆက်သွယ်ထားသောDnieperမြစ်ကမ်းနှစ်ဖက်ရှိ အဓိက တံတားကို ပိတ်ဆို့ခဲ့ပြီး တံတား၏ ဘယ်ဘက်ကမ်းမှ ညာဘက်ကမ်းသို့ ရွေ့လျားသည့် ပစ်မှတ်များကို ချေမှုန်းမည်ဖြစ်ကြောင်းယူကရိန်းပြည်ထဲရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၆ ရက် နံနက်တွင် လူမှုကွန်ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ရုရှားစစ်တပ်က Dnieperမြစ် ဘယ်ဘက်ကမ်းမှနေ၍ လေကြောင်းမှတိုက်ခိုက်ပြီး တံတားကို သိမ်းပိုက်ကာ Dnieperမြစ်ညာဘက်ကမ်းရှိ ယူကရိန်း လွှတ်တော်၊ ယူကရိန်းသမ္မတရုံးနှင့် အစိုးရရုံးများကို  ဝင်ရောက်စီးနင်းရန်စီစဉ်နေကြောင်း ယူကရိန်းမီဒီယာက သတင်းဖော်ပြထားသည်။


Ref : ဆင်ဟွာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)