မအီမြို့ အထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၂- ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၃၂၃)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၂- ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၃၂၃)ဦး ဝင်ရောက်ဖြေဆိုမည်

 

MNP ၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့ အထက်တန်းကျောင်းစာစစ်ဌာနအတွင်း၌ ၂၀၂၂-ခုနှစ်၊ မတ်လ ၃၁ နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၁၇၄)ဦးနှင့် ပြင်ပဖြေဆိုရန်(၁၄၉)ဦးရှိပြီး မအီမြို့၊ အထကစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုရန် အတွင်း/အပြင် စုစုပေါင်း(၃၂၃)ဦး ရှိကြောင်းသိရသည်။


ဖော်ပြပါ မအီမြို့၊ အထက်တန်းကျောင်းစာစစ်ဌာနသို့ မြို့နယ်အတွင်းမှ လက်ပံကျေးရွာ အထက်တန်းကျောင်းခွဲ၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်းခွဲနှင့် ဝေကျေးရွာအထက်တန်းကျောင်းခွဲ များမှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး လက်ပံအထက(ခွဲ)မှ ကျောင်းအတွင်းမှဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၁၃)ဦး၊ ဂျီဖြူတောင် အထက(ခွဲ)မှ ကျောင်းအတွင်းဖြေ (၃၁)ဦးနှင့် မအီမြို့ အထကမှ အတွင်းဖြေကျောင်းသား/ကျောင်းသူ(၁၂၆)ဦးရှိပြီး မအီမြို့ အထက်တန်းကျောင်းစာစစ်ဌာနတွင် အတွင်းဖြေ/အပြင်ဖြေ စုစုပေါင်း(၃၂၃)ဦးသည် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများတင်သွင်းထားကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)