ဆင်ပေါင်ဝဲမြို့နယ်၌ တချို့ကျေးရွာအုပ်စုများတွင် မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ တချို့ကျေးရွာအုပ်စုများတွင် မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု




MNP - ဖေဖော်ဝါရီ    ၁၄

မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ ကြာအင်း ကျေးရွာအုပ်စု၊‌ ကျောက်ချက်ကျေးရွာအုပ်စု၊ မွှန်း‌ညောင်ပင်သာကျေးရွာအုပ်စုများသို့ ရောက်ရှိ၍ မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းရာတွင် အဆိုပါ အဖွဲ့သည် ဦးစွာပထမ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြေပြင်အခြေအနေအား မေးမြန်းခဲ့ကာ မြစ်ရေတင်စီမံကိန်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိသည့် နေရာများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့် အချက်အလက်များအား မှတ်သားခဲ့၍ စီမံကိန်း အမြန်ဆုံးရရှိရေးအတွက် အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန (ရေအရင်းအမြစ်) ထံမှ သိရှိရသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)