MNP ၊ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် Covidshield - ပထမအကြိမ် နှင့် ဒုတိယကြိမ် ထိုးနှံပြီးသည့် ၆လပြည့်ပြီး နိုင့်ငံဝန်ထမ်းများအား တတိယအကြိမ် ( Boster dose ) အဖြစ် ( Covaxin) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စုရပ် ၃ခုလုံးတွင် ယနေ့နံနက်ပိုင်းကစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin)ကို မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ပြုလုပ်ကာ ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့်အနားယူစေခဲ့သည်။
ဖေဖော်ဝါရီလ(၁၅)ရက်နေ့နှင့် (၁၆) ရက်နေ့ များတွင် ဇန်နဝါရီလ(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့များမှ Phase - 6 ( Covidshield - ပထမအကြိမ် ) ထိုးနှံထားသော ပြည်သူများအား ( Covidshield - ဒုတိယအကြိမ် )ကို လည်းကောင်း၊ ယခင်က ဆေးထိုးရန်ကျန်ခဲ့သော Phase - 5 ( Sinopharm & Sinovac - ဒုတိယအကြိမ် ) များကိုလည်းကောင်း၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့များတွင် အသက် ၆၅ နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စု ၁၃ မျိုးတွင်ပါသော ပြည်သူများအား ယခင်က ( Covidshield - ပထမအကြိမ် နှင့် ဒုတိယအကြိမ် ) ထိုးနှံပြီး ၆လပြည့်ပြီးသူများကိုလည်း Covidshield - တတိယအကြိမ် ( Boster dose ) အဖြစ် လည်းကောင်းစုရပ် ၃ခုလုံးတွင် တစ်ပြိုင်နက်တည်း ထပ်မံ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment