မင်းဘူးမြို့တွင် Quarantine Centre များ ကြိုတင်ပြင်ဆင်ထားနိုင်ရေးကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့တွင် Quarantine Centre များ ကြိုတင်ပြင်ဆင်ထားနိုင်ရေးကြည့်ရှုစစ်ဆေး




MNP - ဖေဖော်ဝါရီ    ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် Quarantine Centre များ ကြိုတင်ပြင်ဆင် ထားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ mobile နည်းဖြင့် ထိုးနှံပေးနိုင်ရေးတို့ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်နှင့် ကော်မတီဝင်များ လိုက်ပါလျက် ဘိုးဘွားရိပ်သာတွင် positive လူနာများ တွေ့ရှိပါက ထားရှိနိုင်ရေးနှင့် မင်းဘူးမြို့အထွက် ကန်ရေဂိတ်နှင့် အဝေးပြေး ကားဝင်းအတွင်းရှိ ယာဉ်စည်းကမ်းထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ရုံးခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik Light ထိုးနှံပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။

သတင်း - ဇေယျာထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)