ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Covishield အမျိုးအစား ဆဌမအသုတ် ဒုတိယအကြိမ်စတင်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Covishield အမျိုးအစား ဆဌမအသုတ် ဒုတိယအကြိမ်စတင်ထိုးနှံ






MNP ၊  ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး Covishield အမျိုးအစား ဆဌမအသုတ် ဒုတိယအကြိမ်ထိုးနှံခြင်းကို သတ်မှတ်စုရပ် အသီးသီး၌ ယနေ့ နံနက် ၉ နာရီမှစ၍ စတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးသတ်မှတ်စုရပ်များဖြစ်သည့် မြို့မစုရပ်၊ စေတီပြင်၊ လက်ပံပင်ရင်း၊ နွားလားကျော်(လိုင်ဂွင်)၊ အာကာတောင်၊ အုတ်ဖိုကျေးရွာများတွင် အသက် (၁၈)နှစ်အထက်ရှိသည့် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ စည်းကမ်းချက် များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီးမှ ကာကွယ်ဆေးထိုးနှံ ပေးကာ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အောင်စံထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)