ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ ဧရာဝတီတိုင်းဒေသကြီးသံဃာ့နာယက အဖွဲ့အနားယူအစားထိုး ရွေးချယ်ဖွဲ့စည်းရေးအခမ်း အနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ ဧရာဝတီတိုင်းဒေသကြီးသံဃာ့နာယက အဖွဲ့အနားယူအစားထိုး ရွေးချယ်ဖွဲ့စည်းရေးအခမ်း အနားတက်ရောက်



MNP - ဖေဖော်ဝါရီ     ၂၇ 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့က ပုသိမ်မြို့၊ မရမ်းချို ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီးသံဃာ့နာယက အဖွဲ့အနားယူ အစားထိုးရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးအခမ်းအနားတက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားမှူးဆရာတော်မှ အခမ်းအနားအစီအစဉ်များအား ဖတ်ကြား လျှောက်ထားတော်မူ  ပြီး အစည်း အဝေးသဘာပတိဆရာတော်အားရွေး ချယ် တင်မြှောက်တော်မူကာ အခမ်းအနားသို့ ကြွ ရောက် တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်များက "နမောတ ဿ"  သုံးကြိမ်ရွတ်ဆိုဘုရားကန်တာ့၍ အစည်းအဝေးစတင်ခဲ့ကာ အခမ်းအနားမှူး ဆရာတော်မှ အစည်းအဝေးသို့ကြွရောက်တော်မူလာကြကုန်သော တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီးအစည်းအဝေး အထမြောက်အောင်မြင် ကြောင်း ကြေညာခဲ့ကြသည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှသာသနာတော်သန့်ရှင်းတည်တံ့ပြန့် ပွားရေးအ တွက်အစည်းအဝေးသို့ စုံစုံညီညီကြွရောက်တော်မူလာကြကုန်သည့် ဆရာတော်အရှင်သူမြတ် များ အားဖူးတွေ့ရသဖြင့် အထူးပင်စိတ်ကြည်နူး၍ သဒ္ဒါတရားများတိုးပွားတော်မူပါကြောင်း၊ သံဃာ့အဖွဲ့ အစည်း အဆင့်အဆင့်အား ပြန်လည် ရွေးချယ်ဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို ဆရာတော် အရှင်သူမြတ် များမှကြောင့်ကြမှုမရှိစေဘဲ စိတ်ချမ်းသာစွာဖြင့်သာသနာ့ကိစ္စများ ဆောင်ရွက်နိုင် ရေးအတွက်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်စေတနာရှင်တို့က အဘက်ဘက်မှပြည့်စုံစေရေး ဆောင်ရွက်ပေးထား တော်မူပါကြောင်း စသည့်သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများမှ ကြီးကြပ်ရေး ဆရာတော်များအားလှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူ ဒါန်းခဲ့ကြသည်။ ထို့နောက်အစည်းအဝေးသို့ကြွရောက်တော်မူလာကြသောဆရာတော် အရှင်သူမြတ် များမှတိုင်းဒေသကြီးသံဃာ့နာယက အဖွဲ့အနားယူအစားထိုး ရွေးချယ်ဖွဲ့စည်းရေး အစီအစဉ် များအား သံဃာ့ အဖွဲ့အစည်း အခြခံစည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့် အညီဆက်လက်ဆောင်ရွက်တော်မူ ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)