တမူးမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ


MNP - ဖေဖော်ဝါရီ    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ Covid-19 RDT Test Kit ဖြင့် ရောဂါစစ်ဆေးခြင်းများကို တမူးမြို့ ပြည်သူ့ဆေးရုံတွင် နေ့စဉ်အခမဲ့ စစ်ဆေး ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ သံသယရှိ ပြည်သူများ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူများကို စစ်ဆေးပေးခြင်းဖြစ်ပြီး ဇန်နဝါရီ(၁၃)ရက်နေ့မှ ဖေဖော်ဝါရီ(၂၆)ရက်နေ့အထိ ရဟန်းရှင်လူ ပြည်သူ (၃၉၁၈) ဦးတို့အား စစ်ဆေးခဲ့ရာ (၄၅၄) ဦးတို့တွင် ပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ (၄၄၂) ဦးသည် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရပြီးဖြစ်ရာ ပိုးတွေ့လူနာ (၁၂) သာ ကျန်ရှိတော့ပြီး ၎င်းတို့အား ပြည်သူ့ဆေးရုံတွင် သီးခြားစောင့်ကြပ်ဆေးကုသပေးလျက်ရှိကြောင်း၊ ရောဂါပိုး စစ်ဆေးခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တမူးခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တမူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် နေ့စဉ်နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်ကြီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)