လားရှိုးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP - ဖေဖော်ဝါရီ   ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂) ပြည်ထောင်စု အားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ လားရှိုးမြို့လူမှုဝန်ထမ်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သရုပ်ပြ အကဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခရိုင်ပေါင်းစုံအားကစားပြိုင်ပွဲမှ အေရိုးဗစ် အက ဒုတိယရရှိသော လားရှိုးမြို့ အထက (၂)မှ ကျောင်းသူလေး မနှင်းချယ်ရီက အေရိုးဗစ် အကဖြင့် ကပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ၌ အားကစားနည်း(၄)မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် အုပ်စု(၂)ခုဖြင့် အသင်း(၈)သင်းဖြင့်လည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား(၅)သင်း၊ အမျိုးသမီး(၃)သင်းဖြင့် လည်းကောင်း၊ အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စ်ကတ်ဘောပြိုင်ပွဲ၌ အသင်း(၉)သင်းနှင့် ရိုးရာခြင်း ခတ် ပြိုင်ပွဲတွင်ပြိုင်ပွဲဝင် အသင်း(၄)သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ ပြိုင်ပွဲများကို ဖေဖော်ဝါရီ(၈)ရက်နေ့မှ ဖေဖော်ဝါရီ(၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကာ ပြိုင်အမျိုးအစားများအလိုက် ပထမဆု(၃)သိန်းကျပ်၊ ဒုတိယဆု(၂)သိန်းကျပ်၊ တတိယဆု (၁)သိန်းကျပ်ကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့၌ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား သို့ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ဟန်ဌေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)