မိုင်းတုံမြို့ ဟွေပါဆပ်ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်‌‌ဆေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းတုံမြို့ ဟွေပါဆပ်ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်‌‌ဆေးလျက်ရှိ



MNP - ဖေဖော်ဝါရီ   ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်နှင့်အဖွဲ့သည် ဟွေပါဆပ်ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းနှစ်ခုသည် မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခုနှစ်(၆)လ ဘတ်ဂျက်တွင်တင်ဒါအောင်မြင်သော ခိုင်ခံသက်မိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသောလုပ်ငန်းဖြစ်သည် ကုန်ထုတ်လမ်းသည် မြေသားလမ်းအမျိုးအစားဖြစ်ပြီး အရှည်(၁)မိုင်၊ အကျယ်(၁၈)ပေ၊ တင်ဒါအောင်မြင်ဈေးနှုန်း (၂၉.၂)သန်းလမ်းပေါ်ရှိ Box Culvert (d)စင် အတိုင်းအတာ (၂၀"x ၄'- ၉" x ၄') တင်ဒါအောင်မြင်ဈေးနှုန်း(၁၅)သန်း လုပ်ငန်းနှစ်ခုပေါင်း တန်ဖိုး(၄၄.၂)သန်းဖြင့် လုပ်ငန်းကို ၂၀၂၂နှစ်ခုနှစ်မတ်လအတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရှိရသည်။

သတင်း - ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)