လင်းခေးတွင်မြို့နယ် အုပ်ချုပ်ရေးမှူးဖလားကလပ်ပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လင်းခေးတွင်မြို့နယ် အုပ်ချုပ်ရေးမှူးဖလားကလပ်ပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP - ဖေဖော်ဝါရီ     ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ် မြို့နယ် အုပ်ချုပ်ရေးမှူးဖလား (ကလပ်ပေါင်းစုံ) ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ မြို့နယ်အား ကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် အားကစား သမားများက နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် အားကစားအဓိဌာန် (၄)ချက်ရွတ်ဆိုခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင်ကလပ် အသင်းများသို့ အားကစားပစ္စည်း များအသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

ယင်းနောက် ပြိုင်ပွဲကို စတင်ကျင်းပကစားခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲ၌ တစ်ဦးချင်း၊ နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ ပြိုင်ပွဲများဖြင့် ကလပ်အသင်း(၁၁)သင်းတို့က ဖေဖော်ဝါရီ (၁၂)ရက်နေ့အထိ ယှဉ်ပြိုင်က စားသွားကြမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ကျောင်းသား ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - စိုင်းဇော်လတ်

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)