ဖျာပုံမြို့နယ်အတွင်းရှိ ကျောင်းများတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံမြို့နယ်အတွင်းရှိ ကျောင်းများတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့


MNP - ဖေဖော်ဝါရီ     ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အတွင်း စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိကျောင်းများတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် မှော်ဘီကျေးရွာ(အလက-ခွဲ) ကျောင်းတွင် ပြုလုပ်ကြသည်။

အဆိုပါ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ရာတွင် မြို့နယ်အားကစားမှူး ဒေါ်ဆုမြတ်နှင့်ဝန်ထမ်းများသည် ဖျာပုံမြို့နယ် မှော်ဘီ ကျေးရွာ (အလက-ခွဲ) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား၊ အားကစားဆိုင်ရာ အသိပညာပေးလေ့ကျင်းခန်းများ ပြုလုပ်ရခြင်းအကြောင်း အသိပညာပေးဟောပြောပြီး ကိုယ်ကာယ လေ့ကျင့်ခန်းများ သရုပ်ပြလေ့ကျင့် ပြသကြသည်။ ထို့နောက်အားကစားဆိုင်ရာ ခြင်းလုံး၊ ဘောလုံးများအား ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ ခဲ့ကြောင်း သိရသည်။

သတင်း - အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)