နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများ ကြည့်ရှုစစ်ဆေး



MNP ၊ ဖေဖော်ဝါရီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့က နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 


စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အစမ်းလေ့ကျင့်မှုတွင် စစ်ကြောင်း၊ တပ်ခွဲများနေရာယူချိန်မှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အတွက် ဂုဏ်ပြုယာဉ်များ ချီတက်အလေးပြု ခြင်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အလိုက် ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုတို့ကို အစီအစဉ်အလိုက် လေ့ကျင့်ဆောင်ရွက်ကြမှုအား ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။


ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများကို (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စု နေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်တကွ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဝင်များ၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများက ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။


(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပနေမှု များကို ၂၀၂၂ ခုနှစ် ၊ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန် မှ စ၍ MRTV-HD၊ MRTV NRC၊ MWD ၊MWD VARIETY ၊5 Plus ၊ Readers Channel ၊ Skynet Up to Date နှင့် Skynet တိုင်းရင်းသား Channel ၊  မြန်မာ့အသံရေဒီယို အစီအစဉ် ၊ပတ္တမြား FM၊ ချယ်ရီ FM၊ ပဉ္စဝတီ FM၊ မန္တလေး FM  နှင့် ရွှေFM၊ သဇင် FM တို့တွင် တိုက်ရိုက် (LIVE) ရိုက်ကူးထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)