တမူးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၄၉)ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး အတည်ပြု လူနာဟောင်းများ အနက်(၁၀)ဦးဆေးရုံမှဆင်းခွင့်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

တမူးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၄၉)ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး အတည်ပြု လူနာဟောင်းများ အနက်(၁၀)ဦးဆေးရုံမှဆင်းခွင့်ပြု

 


MNP - ဖေဖော်ဝါရီ    ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ရောဂါ သံသယရှိ ပြည်သူများနှင့် ကျောင်းသား/ ကျောင်သူ(၂၈၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိTest Kit ဖြင့်စစ်ဆေးခဲ့ရာ (၄၉)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက ပြည်သူများနှင့် ကျောင်းသား/သူများကို စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူများအား ပြည်သူ့ဆေးရုံနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တို့တွင် သီးခြားစောင့်ကြပ် ကုသပေး လျက်ရှိကြောင်း သိရသည်။

တမူးခရိုင်အတွင်း ဇန်နဝါရီလ((၃၁)ရက်နေ့အထိ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား စောင့်ကြပ်ကုသမှုအနေဖြင့် တမူးမြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံနှင့် အထက(၁)၊ အထက(၂) ကျောင်းတို့တွင်(၂၇၇)ဦး၊ မင်းသာကျေးရွာ တိုက်နယ်ဆေးရုံတွင် (၄၈)ဦးစုစုပေါင်း (၃၂၅)ဦးတို့ကို ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက်ရှိကြောင်း တမူးခရိုင်ကျန်မာရေး ဦးစီးဌာနမှ သိရသည်။

သတင်း - ကျော်ကြီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)