ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ယာဉ်လိုင်း များ ပုံမှန်ပြေးဆွဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ယာဉ်လိုင်း များ ပုံမှန်ပြေးဆွဲပေး

MNP - ဖေဖော်ဝါရီ    ၁

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ အသံတိတ်သပိတ် (Slience Strike)ပြုလုပ်ရန် လှုံ့ဆော်မှုများ ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအနေဖြင့် မြို့တွင်းခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေး အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် မြို့တွင်းခရီးသွား ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ သွားလာလျက်ရှိကြောင်း သိရသည်။

“ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေနဲ့ ယာဉ်လိုင်းပေါင်း (၉၈)လိုင်း ယာဉ်အစီးရေ (၂၀၄၂)စီးဖြင့် နေ့စဉ် နံနက်(၅)နာရီကနေ ည(၇)နာရီ လောက်အထိ ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း - နိုင်လင်းအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)