ဟားခါးမြို့တွင် လူအင်အား(၁၇၀)ခန့်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့တွင် လူအင်အား(၁၇၀)ခန့်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်

 


 MNP -  ဖေဖော်ဝါရီ    ၁

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁ နာရီမှ ၁ နာရီ ၄၅ နာရီအထိ လူအင်အား (၁၇၀)ခန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်၏ လက်ရှိဆောင်ရွက် ချက်များအပေါ် ထောက်ခံပြီး CRPH၊ NUG ၊ CDF တို့၏အကြမ်းဖက်လုပ်ရပ်များအား ရှုံ့ချကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်သည့်အဖွဲ့သည် ဟားခါးမြို့၊ ပြည်တော်သာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ထူးဆန်းသစ်ဆီဆိုင်မှ ဝမ္မသူးမောင်ဘောလုံးကွင်းအထိ စီတန်းလှည့်လည်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာတပ်မတော်၏ လက်ရှိဆောင်ရွက် ချက်များအပေါ် ထောက်ခံပြီး CRPH/ NUG/ CDFတို့၏အကြမ်းဖက်လုပ်ရပ်များ ရှုံ့ချကြောင်း ကြွေးကြော်သံများနှင့် “အမျိုးဘာသာ သာသနာကို  ကာကွယ်စောင့်ရှောက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံ ပါသည်” ၊ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်ထောက်ခံပွဲ”၊ “မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံပါသည်” စသည့် စာတန်းများ ကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သိရသည်။

သတင်း- မောင်တက်လမ်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)