MNP ၊ ဖေဖော်ဝါရီ ၉
ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်မှာ တရုတ်နှစ်သစ်ကူး အတွက် တရုတ်ဝန်ထမ်းတွေက သူတို့ချစ်ခင်တဲ့ ကျောင်းသားတွေ ဝန်ထမ်းတွေကို အန်ပေါင်းပေးတဲ့ နေရာမှာ ငရဲပိုက်ဆံ ( ကူတို့ခ ) ပိုက်ဆံတွေပေးလို့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ က အဲ့ဒိ အန်ပေါင်းပေးတဲ့ သူတွေကို ကျန်တဲ့သူတွေအား တောင်းပန်ပေးကြဖို့ အတွက် အမိန့်ထုတ်လိုက်ပါတယ်။
တရုတ်နှစ်ကူးရက် မို့လို့ ကျောင်းဝင်းထဲမှာ တရုတ်ဝန်ထမ်းတွေ ဆရာတွေက မိတ်ဆွေသူငယ်ချင်းတွေကို အန်ပေါင်းပေးကြပါတယ်။ အဲ့ဒိစာအိတ်အနီလေးထဲမှာ ကူတို့ခနဲ့ တွဲပြီး ပိုက်ဆံတွေ ထည့်ပေးကြပါတယ်။ အဲ့ဒိကိစ္စက ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဆီကိုရောက်လာပါတယ်။
“သက်ရှိလူသားတွေကို ကူတို့ခ ပေးတယ်ဆိုတာ လက်ခံလိုက်မရတဲ့ ကိစ္စပါပဲ။ အဲ့ဒါကြောင့်သူတို့ကို တောင်ပန်ခိုင်းဖို့ ဆုံးဖြတ်ခဲ့ရတာပါ“ လို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
‘ အဲ့ဒိ စက္ကူပိုက်ဆံတွေက ကြောက်စရာကောင်းပါတယ်။ မင်းက သေတော့မယ် ၊ မင်းသေဖို့ငါဆုတောင်းပေးပါတယ် ဆိုတဲ့ သဘောမျိုးသက်ရောက်နေပါတယ်၊ အဲ့ဒိအမှားကြီး ကို လက်ခံလို့ မရပါဘူးဗျာ “ လို့ ဆိုပါသေးတယ်။
အဲ့ဒိကူတို့ခ စက္ကူပိုက်ဆံတွေက တရုတ်တွေရဲ့ အသုဘအခမ်းအနားတွေမှာ မီးရှို့ပြီး ဆုတောင်းပေးတဲ့ အတွက် နှစ်ကူးလက်ဆောင်ပေးတာတွေက မကောင်းတဲ့ နမိတ်တွေကို သယ်ယူလာတယ်လို့ ကနေဒါသားတွေက တွေးကြတာပါ။
“ ဒီကိစ္စတွေက အာရှမှာ အထူးအဆန်းမဟုတ်ပေမဲ့ အနောက်တိုင်း နဲ့ အမေရိကားမှာကတော့ ဒိလိုကိစ္စတွေက ဆတ်ဆတ်ထိမခံတဲ့ ကိစ္စဖြစ်နေတယ်။ အယူအဆဟောင်းတွေ ၊ သက်ဦးဆံပိုင် ဘုရင်စနစ်က အမွေတွေ ၊ အကြွင်းမဲ့ အာဏါပိုင်ခေတ်က အလေ့အထတွေ နဲ့ လူတွေကို ဖိနှိပ်တဲ့ အလေအထတွေပါ” လို့ ဆိုပါတယ်။
အဲ့ဒိကိစ္စကို ဆတ်ဆတ်ထိမခံတဲ့သူတွေက မြောက်အမေရိကား က အာရှသားလူမျိုးရေး ခွဲခြားတဲ့ အဖွဲ့အစည်းတွေကလုပ်နေတာပါ။ သူတို့က အာရှသားတွေက သူတို့ နဲ့ တန်းတူဆက်ဆံတာ မခံနိုင်တဲ့သူတွေပါ။ နောက်ပြီး အာရှသားတွေကို တစ်ဆင့်နိမ့်နိုင်ငံသားတွေဆိုပြီး ဆက်ဆံ ကြပါတယ်။
ကျောင်းအုပ်ချုပ်ရေး အဖွဲ့ကတော့ ကျောင်းသားတွေကို စိတ်ဓာတ်ရေးရာထိခိုက်မှုမရှိ စေရန်အတွက် အခုလိုတောင်းပန်ခိုင်းတာလို့ ဆိုပါတယ်။
မောင်ယဿ
REF: world of buzz Photo : world of buzz
https://t.me/MyanmarNationalPost
No comments:
Post a Comment